အမှတ်ပေးဇယားအောက်ဆုံး (၈)သင်းနဲ့ ကစားခဲ့ရပေမယ့်
မန်ယူအသင်း (၂)ပွဲသာ အနိုင်ရ
မန်ယူအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၁၀)ပွဲမှာ အမှတ်ပေးဇယားအောက်ဆုံး (၈)သင်းနဲ့သာ ကစားရပေမယ့် နှစ်ပွဲသာအနိုင်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
နောက်ဆုံးကစားတဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း
မန်ယူအသင်းက နှစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပါတယ်။
မန်ယူအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲမှာ တန်းဆင်းရဖို့ နီးစပ်နေတဲ့ ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာ အနိုင်မရခဲ့သလို၊
အခုလည်း တန်းဆင်းဇုန်ထဲက ဘန်လေအသင်းကို သရေသာကစားနိုင်ခဲ့တာပါ။
မန်ယူအသင်းက လက်ရှိရာသီပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ နှစ်ပွဲသာ ရှိထားပြီး ခံစစ်စွမ်းဆောင်ရည် ညံ့ဖျင်းနေပါတယ်