ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံးအအနိုင်ဂိုးအား သွင်းယူကာ သမိုင်းမှတ်တိုင်စိုက်ထူလာတဲ့ ဟာဗေးဘန်းစ်
=======================

ဟာဗေးဘန်းစ်ဟာ မနေ့ညတုန်းက လိဒ်အား ၄-၃ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် နယူးကာဆယ်အနိုင် နောက်ကျ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံးအနိုင်ဂိုး သွင်းယူနိုင်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
မနေ့က ပွဲတွင် နယူးကာဆယ်ဟာ အသင်းခေါင်းဆောင်ဘရူနိုဂူမာရေးစ်ရဲ့ အချိန်ပို ပင်နယ်တီဂိုးကြောင့် ၃ ဂိုးစီသရေကျကာ ရမှတ်တစ်မှတ်ဖြင့် ကျေနပ်ရမယ်လို့ ယူဆခဲ့ရတာပါ။
ဒါပေမယ့် တောင်ပံကစားသမားဟာဗေးဘန်းစ်ဟာ အချိန်ပို ၁၂ မိနစ်တွင် ပင်နယ်တီဧရိယာအတွင်း လှပတဲ့ အနိုင်ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံးအနိုင်ဂိုးသွင်းယူနိုင်တဲ့ စံချိန်အား ရေးထိုးလာပါတယ်။
လိဒ်ဟာ မနေ့ညက စိန့်ဂျိမ်းစ်ပါ့ခ်ရှုံးပွဲကြောင့် ၇ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း အဆုံးသတ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် ဧည့်သည်လိဒ်ဟာ ပွဲချိန် ၃၂ မိနစ်တွင် အေရွန်ဆင်ရဲ့ နယူးကာဆယ်ခံစစ်အမှားမှ ရရှိတဲ့ အခွင့်အရေး အသုံးချကာ ဧရိယာပြင်ပမှ သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ၄ မိနစ်အကြာမှာပင် ဟာဗေးဘန်းစ်က ချေပဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် ပထမပိုင်းပြီးခါနီးတွင် ကယ်ဗတ်လီဝင်းက ပင်နယ်တီမှ တဆင့် လိဒ်အတွက် ဦးဆောင်ဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။ ၅၄ မိနစ်တွင် ဂျိုးလင်တန်က ခေါင်းတိုက်ကာ နယူးကာဆယ်အတွက် ချေပဂိုးသွင်းခဲ့ပေမယ့် ၇၉ မိနစ်မှာ အေရွန်ဆင်ကပင် လိဒ်အတွက် ထပ်မံ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ဂူမာရေးစ်က နာကျင်အချိန်ပို ၉၁ မိနစ်တွင် ပင်နယ်တီမှ တဆင့် ချေပဂိုး သွင်းယူခဲ့ပြီးနောက် ဟာဗေးက ၁၀၂ မိနစ်တွင် အနိုင်ဂိုးသွင်းကာ ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံး အနိုင်ဂိုးအား သွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။

image