မျက်စိအလင်းအလှူအတွက် သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ကုသမှုခံယူသူစာရင်း လက်ခံရန် ရှိနေ
မျက်စိအလင်းအလှူအတွက် သီတဂူစက္ခုဒါန ဆေးရုံ (ရန်ကုန်) တွင် ဇန်နဝါရီ (၂၇) ရက်မှစ၍ ကုသမှုခံယူသူစာရင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မျက်စိအလင်းအလှူသည် (၁၆) ကြိမ်မြောက် ဖြစ်ကာ ဇန်နဝါရီ (၂၇) ရက်၊ နံနက် (၇) နာရီမှ စတင်လက်ခံမည်ဖြစ်သည်။
ကုသမှုခံယူမည့်သူများအနေဖြင့် လူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလာရောက်၍ စာရင်းပေးသွင်းနိုင်ကာ လက်ခံမည့်လူဦးရေမှာ (၁၅၀၀) သာ လက်ခံမည်ဖြစ်သည်။
သို့သော် အမှတ်စဉ် (၁၅၀၁) မှစ၍ နောက်ကျ လူများကို မတ်လ၌ ပြုလုပ်မည့် (၁၇) ကြိမ်မြောက်တွင် ပါဝင်ကာ ပြုလုပ်ပေးသွားမည်ဟု သိရသည်။
စာရင်းပေးသွင်းမှုကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပါရမီလမ်း၊ ဦးဝိစာရလမ်းနှင့် ပင်လုံလမ်းဆုံ မီးပွိုင့်၊ နာရီစင်မှတ်တိုင်အနီး ဘေလီတံတားအဆင်းရှိ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)