ဝီလ်ဆင်အား စာချုပ်ဖျက်သိမ်းရန် ဝက်စ်ဟမ်း ဆွေးနွေးနေ
=====================

ဝက်စ်ဟမ်းဟာ တိုက်စစ်မှူးကယ်လမ်ဝီလ်ဆင်အား စာချုပ်ဖျက်သိမ်းရေး‌ ဆွေးနွေးနေပြီး အပြီးသတ်နိုင်လုနီးပါး အခြေအနေတွင် ရှိနေပြီ ဖြစ်ပါတယ်။

ဝီလ်ဆင်ဟာ နွေရာသီတုန်းက ဝက်စ်ဟမ်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ၁၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားနိုင်ပါတယ်။

ဒါပေမယ့် သူဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပါဘလိုဖီးလစ်ပီနှင့် တာတီကယ်စတယ်လာနို့စ်တို့ ရောက်လာမှုနှင့်အတူ ဝက်စ်ဟမ်းပထမအသင်းတွင် အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ှရှိ နယူးကာဆယ်အသင်းခေါင်းဆောင်ဟောင်းဟာ ပထမဆုံးအသင်းတွင် ပုံမှန်ကစားခွင့်ရလိုနေသူ ဖြစ်ပါတယ်။

ယင်းသို့ အခြေအနေကြောင့် ဝက်စ်ဟမ်းနှင့် ဝီလ်ဆင်တို့ဟာ ၆ လသက်တမ်းကျန် စာချုပ်အား စောစောစီးစီးဖျက်သိမ်းနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။