နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်သွားရေးတို့နှင့် ပတ်သက်ပြီးဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့ ဇန်နဝါရီ (၅)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွဥ်မှုများ ပိုမိုတိုးတက်ခိုင်မာရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆက်လက်အကောင်ထည်ဖော်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်း‌ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ ဆက်လက်ပံ့ပိုးကူညီသွားမည့်အခြေအနေများနှင့် နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတို-က်ဖျ-က်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။