ပညာရေး ပြည်ထောင်စုဝန်ကြီး နှင့် လာအို သံအမတ်တို့တွေ့ဆုံပြီး နှစ်နိုင်ငံပညာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များဆွေးနွေး
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည်မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONGကို နေပြည်တော်၌ ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည်ကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပညာတော်သင်ကျောင်းသားကျောင်းသူများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှင့် အနာဂတ်တွင် နှစ်နိုင်ငံပညာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှု၌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းဇော်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။