မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးဆုရ ဂိုးသမားအား ခေါ်ယူအားဖြည့်လာတဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီ
======================
အင်တာမိုင်ယာမီဟာ ၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုရ ဒေးနီစိန့်ကလဲယားကို ခေါ်ယူအားဖြည့်ကာ ရာသီသစ်အတွက် ပြင်ဆင်လာပါတယ်။
ကနေဒါလက်ရွေးစင်ဂိုးသမားဟာ အင်တာမိုင်ယာမီသို့ တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပြီး မေဂျာလိဂ်ချန်ပီယံအသင်းတွင် လူးဝစ်ဆွာရက်ဇ်၊ လီယွန်နယ်မက်ဆီတို့နှင့် အတူကစားခွင့်ရလာတော့မှာလည်း ဖြစ်ပါတယ်။
မာရှေးယာနိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝါရင့်ဂိုးသမားအော်စကာအူစတာရီကို ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုခဲပြီး မေဂျာလိဂ်ဗိုလ်လုပွဲနိုင်ပွဲတွင် ရိုကိုရီယို့စ်နိုဗိုအား ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ ဒေးနီစိန့်ကလဲယားဟာ ၂၀၂၅ ခုနှစ်အတွင်း ပွဲ ၃၀ ကစားခဲ့ရာမှာ ဂိုးမပေးရတဲ့ ပွဲ ၁၀ ပွဲပိုင်ဆိုင်ခဲ့ပြီး ကာကွယ်မှု ၁၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ်တွင် ဂိုးပေါက်ကာကွယ်မှု ၇၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တဲ့ တစ်ဦးတည်းသော ဂိုးသမားအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ ဒေးနီစိန့်ကလဲယားအား မခေါ်ယူမီ အာဂျင်တီးနားနောက်ခံလူမူရာနှင့် စပိန်နောက်ခံလူရိုဂူလွန်တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ ပြင်ဆင်ထားပါတယ်။
လီယွန်နယ်မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် LAFC နှင့် ရာသီသစ်အဖွင့်ပွဲ ကစားသွားရပါမယ်။