ဝုလ်ဗ်ကို ဂိုးပြတ်ရှုံးခဲ့တာဟာ နည်းပြဘ၀ အဆိုးရွားဆုံးလို့ နူနိုဆန်တို ညည်းတွား

ဝက်စ်ဟမ်းအသင်းနည်းပြ နူနိုဆန်တိုက ဝုလ်ဗ်အသင်းကို ဝ-၃ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နည်းပြဘ၀ အဆိုးရွားဆုံးလို့ ညည်းတွားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဝုလ်ဗ်ကို ပထမပိုင်းမှာကတည်းက သုံးဂိုးပြတ် အရေးနိမ့်နေခဲ့တာဖြစ်တယ်။
အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အဆင့် ၁၇ က နော်တင်ဟမ်အသင်းနဲ့လည်း လေးမှတ် ကွာဟနေပါတယ်။
''ပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်။ ဒါဟာ အရှက်ရစရာကောင်းပါတယ်။ တောင်းပန်စကားထက် ကျွန်တော် များစွာထပ်မပြောနိုင်ပါဘူး။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပုံစံက
လုံလောက်မှု မရှိခဲ့ဘူး။ ကျွန်တော်တို့ ရလဒ်ကောင်းတွေနဲ့ အမှတ်တွေ လိုအပ်ပါတယ်။ အခုခက်ခဲတဲ့အခြေအနေမှာ ရှိနေပြီး ဒီလိုအနေအထားမျိုးကို ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ယနေ့ကတော့ ကျွန်တော်တို့ရဲ့
အဆိုးရွားဆုံးပဲဖြစ်ပါတယ်''လို့ နူနိုဆန်တိုက ပြောခဲ့ပါတယ်။
ဝုလ်ဗ်အသင်းကတော့ အခုရာသီ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။