ဘက်ပေးမကစားနိုင်ချိန်တွင် ပထမဆုံးလာလီဂါသွင်းယူလာနိုင်တဲ့ ဂွန်ဇာလိုဂါစီယာ
=====================

ဂွန်ဇာလိုဂါစီယာဟာ ဘာနေဗျူးတွင် ဘက်တစ်အား ဂိုးပြတ်အနိုင်ယူတဲ့ပွဲတွင် ပထမဆုံးလာလီဂါဂိုးသွင်းနိုင်ခဲ့ရုံသာမက ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ တိုက်စစ်မှူးဟာ ကိုင်လီယန်ဘက်ပေး ဒူးဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ ပွဲထွက်ကစားခွင့် ရရှိလာပြီး ပွဲချိန် ၂၀ မိနစ်တွင် ခေါင်းတိုက်ကာ အဖွင့်ဂိုးသွင်းပြီးနောက် ဒုတိယဂိုးအား ဒုတိယပိုင်းအစောပိုင်းတွင် မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့ပါတယ်။
ရာအူးလ်အဆန်စီယိုက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ တတိယဂိုး သွင်းခဲ့ပြီး ဘက်တစ်ဟာ ချူချိုဟာနန်ဒက်ဇ်ရဲ့ ဂိုးဖြင့် ပြန်လည်ချေပခဲ့ပါတယ်။
ဘက်တစ်တို့ ရီးရဲလ်မက်ဒရစ်ကို ပြန်လည်ခြိမ်းခြောက်လာနိုင်ခဲ့ပြီး ထိတိုင်မှုကြောင့် စိုးရိမ်စရာအခြေအနေ ကြုံလာရပေမယ့် ဂါစီယာကပင် အနီးကပ်နောက်ပေါက်ကန်ချက်ဖြင့် ရီးရဲလ်မက်ဒရစ်အတွက် စတုတ္ထဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် နာကျင်အချိန်ပိုတွင် ဖရန့်ဂါစီယာက ပဥ္စမဂိုးသွင်းလာမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်တို့ ၅-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘက်တစ်နိုင်ပွဲကြောင့် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ်အကွာ ဒုတိယနေရာတွင် ဆက်လက် ရပ်တည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကြားရက်လာလီဂါပွဲ ကစားရမှာ မဟုတ်ဘဲ ဇန်နဝါရီလ ၈ ရက်နေ့ ကြာသပတေးနေ့မှာ အက်သလက်တီကိုနှင့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ကစားရပါမယ်။