မဟာမုနိဘုရားကြီး ထုပိကာကို ရွှေစင်ရွှေပြားအသစ်ကပ်လှူမည်
ငလျင်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မဟာမုနိဘုရားကြီးကိန်း၀ပ်စံပါယ်တော်မူရာ ရွှေကျောင်းတော်ကြီးပေါ်ရှိ ထုပိကာကို ရွှေစင်ရွှေပြားအသစ်ကပ်လှူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ငလျင်ကြောင့်ထိခိုက်ပျ-က်စီးခဲ့မှုများအား အသစ်ဖြင့်အစားထိုးသွားမည်ဖြစ်ပြီး၊ ရွှေသားအစစ်ရွှေစင်ရွှေပြားများ အသစ်ကပ်လှူမည့်အစီအစဉ်အတွက်၊ အလှူရှင်များဖိတ်ခေါ်နှိုးဆော်ထားကြောင်း သိရသည်။
ရွှေသားအစစ် ရွှေစင်ရွှေပြား (၉ လက်မပတ်လည်) တစ်ချပ်လျှင် ရွှေချိန် ၁ ကျပ် ၈ ပဲသားရှိမည်ဖြစ်ပြီး၊ တစ်ချပ်လျှင် ကျပ်သိန်း (၉၀) နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းမှုအတွက် အလှူရှင်အမည်ကမ္ဗည်း ရေးထိုးပေးသွားမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးကြောင့် မန္တလေးမဟာမုနိဘုရားကြီး (မဟာမုနိရုပ်ရှင် တော်မြတ်)မကိုဋ်တော်၊ ထုပိကာတော်နှင့် ရွှေထီးတော်အပါအဝင်ဘုရားကြီးပရဝုဏ်အတွင်းရှိသာသနိက အဆောက်အအုံများထိခိုက်ပျ-က်စီးခဲ့ခြင်းဖြစ်သည်။