ခင်ပွန်းသည်မက်ဆီကို Sexy ဓာတ်ပုံတွေနှင့် မြူဆွယ်တဲ့ မော်ဒယ်အား အင်တာမိုင်ယာမီပွဲ ဝင်ကြည့်ခွင့် တားဆီးခဲ့တဲ့ ဇနီးသည်
=========================

လီယွန်နယ်မက်ဆီရဲ့ ဇနီးသည်ဟာ ပြီးခဲ့တဲ့ မေဂျာလိဂ်ဖလားဗိုလ်လုပွဲသို့ လာရောက်ကြည့်ရန် ကြိုးပမ်းတဲ့ ဘရာဇီးမော်ဒယ်ဆူဇီကော်တက်ဇ်ကို တားဆီးခဲ့တယ်လို့ စွပ်စွဲခြင်းခံလာရပါတယ်။
အသက် ၃၈ နှစ်ရှိ အာဂျင်တီးနားစူပါစတားဟာ ပြီးခဲ့တဲ့လတုန်းက ဗန်ကူးဗားဝှိုက်ကပ်နှင့်ပွဲတွင် အင်တာမိုင်ယာမီတို့ ၃-၁ ဖြင့် အနိုင်ရရှိကာ ကလပ်သမိုင်းတွင် ပထမဆုံးမေဂျာလိဂ်ဖလားရအောင် ကူညီပေးခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း Sexy ဓာတ်ပုံတွေနှင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာတဲ့ ဘရာဇီးမော်ဒယ်ဟာ ယင်းပွဲကို ကြည့်ရန် ကြိုးပမ်းခဲ့ပေမယ့် မက်ဆီရဲ့ ဇနီးသည်အန်တိုနီလာရိုကူဇိုရဲ့ တားဆီးခြင်းခံခဲ့ရပါတယ်။
မက်ဆီရဲ့စူပါပရိသတ်လို့ နာမည်ကြီးတဲ့ သူမက "ရှက်မိတယ်။ ပုဂ္ဂိုလ်ရေးပြဿနာကြောင့်ပဲ ဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပြဿနာကြောင့်ပဲ ဖြစ်ဖြစ် အရပ်သားအားကစားပွဲကို ဝင်ကြည့်တာ ဘယ်သူမှ ပိတ်ပင်မခံရသင့်ပါဘူး"လို့ ဆိုသွားပါတယ်။
ဘရာဇီးဖွားမော်ဒယ်အား Chase Stadium သို့ မဝင်ရောက်နိုင်အောင် အင်တာမိုင်ယာမီစီမံခန့်ခွဲရေးအဖွဲ့အား ရိုကူဇိုက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ဘရာဇီးမော်ဒယ်ဟာ မက်ဆီမိသားစုဝင်များရဲ့ ဆိုရှယ်မီဒီယာအကောင့်များတွင်လည်း Ban ခံထားရသူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဘရာဇီးမော်ဒယ်ရဲ့ စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်ပြီး မက်ဆီရဲ့ ဇနီးသည်ဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိပါဘူး။
၂၀၁၅ ခုနှစ် တင်ပါးအလှဘုရင်မဘွဲ့ပိုင်ရှင်ကော်တက်ဇ်ဟာ ဘာစီလိုနာတွင် မက်ဆီကစားကတည်းက အကြီးအကျယ်အားပေးလာခဲ့တဲ့ စူပါပရိသတ်လည်း ဖြစ်ပါတယ်။