စပိန်စူပါဖလားပွဲစဉ်မတိုင်မီ ဘက်ပေးရဲ့ဘယ်ဖက်ဒူးဒဏ်ရာအခြေအနေအပေါ် အလွန်ဆို ဖွင့်ဟလာ
=======================

ရီးရဲလ်မက်ဒရစ်နည်းပြဇာဗီးအလွန်ဆိုက ဘယ်ဖက်ဒူးဒဏ်ရာရရှိနေတဲ့ ကိုင်လီယန်ဘက်ပေးရဲ့ အခြေအနေအပေါ် ကလပ်ဘက်က မသိရသေးကြောင်း အတည်ပြုလာပါတယ်။
ဘက်ပေးဟာ လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဘက်တစ်နှင့်ပွဲအပြင် အက်သလက်တီကိုနှင့် ကစားရမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်တို့ကို လွဲချော်လာပါမယ်။
တဖက်တွင် အလွန်ဆိုဟာ ဘက်ပေး ဘယ်အချိန်တွင် ပြန်ကစားလာနိုင်မလဲဆိုတာ မပြောနိုင်သေးပါဘူး။
ဘက်ပေးဟာ ၂၀၂၅ နှစ်တုန်းက အံ့မခန်းဂိုးသွင်းနှစ်တစ်နှစ် ပိုင်ဆိုင်ပြီးနောက် နှစ်သစ်ကူးလေ့ကျင့်ခန်းအစီအစဉ်တွင် ဘယ်ဖက်ဒူးဒဏ်ရာရလာခဲ့တာလည်း ဖြစ်ပါတယ်။
အလွန်ဆိုက "သူ အတတ်နိုင်ဆုံး အမြန်ဆုံးကစားနိုင်ဖို့ တွန်းသွားပါတယ်။ ဘယ်တော့ အမြန်ဆုံးကစားနိုင်မလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ မသိပါဘူး။ စူပါဖလားလား။ ကြည်ရပါမယ်"လို ပြောကြားသွားပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဘက်ပေးဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် ၂၉ ဂိုးသွင်းပြီး ၅ ကြိမ်ဖန်တီးထားနိုင်ပါတယ်။
အလွန်ဆိုဟာ ဘက်ပေး ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်း ရိုဒရီဂိုအား အသုံးပြုလာဖို့ ရှိပါတယ်။
စပိန်မီဒီယာများရဲ့ ဖော်ပြမှုအရ ဘက်ပေးဟာ ဘယ်ဖက်ဒူးဒဏ်ရာကြောင့် သုံးပတ်မျှ နားရမှာ ဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ စပိန်စူပါဖလားဗိုလ်လုပွဲသို့ တက်ပါကလည်း ယင်းပွဲကိုပါ လွဲလာမယ်လို့ သိရပါတယ်။
သတ်မှတ်အချိန်အတွင်း ပြန်ကောင်းလာမည်ဆိုပါက ဘက်ပေးဟာ မိုနာကိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြန်လည်ကစားလာနိုင်ဖို့ ရှိနေပါတယ်။