လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုးရောင်းချမည်

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ၌ ကျရောက်မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့စာတိုက်လုပ်ငန်း မှ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုးကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီးပြည်နယ်များရှိ စာတိုက်ကြီးများတွင် ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကစတင်ပြီး တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ ၄ ရက် ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများတွင် နေ့စွဲအမှတ်သားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။