ဒူးအရွတ်ဒဏ်ရာကြောင့် လအတန်ကြာအနားယူရတော့မယ့် ဘန်လေအသင်းခေါင်းဆောင်
====================
ဘန်လေအသင်းခေါင်းဆောင်ဂျို့စ်ကူလန်ဟာ ညာဖက်ဒူးအရွတ်ဒဏ်ရာကြောင့် လအတန်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အိုင်ယာလန်အလယ်တန်းကစားသမားဟာ တနင်္ဂနွေနေ့တုန်းက အဲဗာတန်နှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းအစောပိုင်းတွင် ဒဏ်ရာရရှိသွားပြီးနောက် ဖလိုရင်တီနိုလူးဝစ်နှင့် လူးစားလဲလှယ်ခဲ့ရပါတယ်။
ကူလန်ရဲ့ ဒဏ်ရာကို တနင်္လာနေ့တွင် စစ်ဆေးရာမှာ ညာဖက်ဒူးအရွတ်ဒဏ်ရရှိနေခြင်းဖြစ်ကြောင်း တွေ့ရပြီး ခွဲစိတ်ကုသမှု ခံယူလာရတော့မှာလည်း ဖြစ်ပါတယ်။
ကူလန်ဟာ ယခုရာသီ ဘန်လေရဲ့ ၁၈ ပွဲလုံး ပွဲထွက်ကစားထားသူ ဖြစ်ပြီး အင်္ဂါနေ့တုန်းက နယူးကာဆယ်ကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
စကောပါကားရဲ့ ဘန်လေဟာ နောက်ဆုံး ၁၀ ပွဲတွင် ၈ ပွဲ ရှုံးနိမ့်ထားကာ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ အသင်းနှင့် ၆ မှတ်ကွာဟနေပါတယ်။ ၎င်းတို့ဟာ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက ဝုဗ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲနောက်ပိုင်းတွင် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။