ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအ နာဂတ်ကိုတွေ့မြင်ရသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ သဘောထားမှတ်ချက်ပြု
ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအ နာဂတ်ကိုတွေ့မြင်ရသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ သဘောထားမှတ်ချက်ပြုခဲ့ကြသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်ပတ်သက်၍ မီဒီယာများမေးမြန်းထားသည့်များနှင့် သိသင့်သည့်အချက် အလက်များကို ဒီဇင်ဘာ ၃၀ ရက်ကရှင်းလင်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲပထမပိုင်းတွင် နိုင်ငံတကာရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ နီဂွာရာ၊ ဂျပန်-မြန်မာ Association စသည့်နိုင်ငံ(၉)ခုမှအဖွဲ့များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင် ငံခြားသံရုံး(၁၄)ရုံးမှ သံရုံးအဖွဲ့ဝင်(၃၁)ဦးတို့ စောင့်ကြည့်လေ့လာခဲ့ကြသည်ဟု ပြောသည်။
" ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားမှတ်ချက်အကျဥ်းချုပ်ကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်။ ဆန္ဒမဲပေးတဲ့ပြည်သူလူထုရဲ့တက်ကြွမှု၊ ဒီမိုကရေစီ လို လားမှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး မြန်မာ နိုင်ငံရဲ့ကောင်းမွန်သောအနာဂတ်ကိုတွေ့မြင်ရတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေ အဆင်ပြေချောမွေ့ပြီး တည်ငြိမ်အေးချမ်းအောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် နောင်ကျင်းပမည့် အပိုင်း(၂)နှင့်အပိုင်း(၃)ရွေး ကောက်ပွဲများမှာလည်း အောင်မြင်မည်ဟုယုံကြည်ကာ မြန်မာပြည်သူများသည် ၎င်းတို့၏ ကံကြမ္မာကို ကိုယ် တိုင်ဆုံးဖြတ်လိုသဖြင့် ရွေးကောက်ပွဲကိုတက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်းကိုတွေ့မြင်ရသည်ကိုလည်း သဘောထားမှတ်ချက်များပေးခဲ့ကြသည်ဟု ပြောသည်။
" ဒီရွေးကောက်ပွဲအောင်မြင်ခဲ့တာဟာ အစိုးရရဲ့အောင် ပွဲမဟုတ်ပါဘူး။ မိမိတို့နိုင်ငံရဲ့အောင်ပွဲ ပြည်သူလူထုရဲ့အောင်ပွဲဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့အတူ ရွေးကောက်ပွဲအား ပြည်တွင်းမီဒီယာ(၅၂)ဖွဲ့၊ သတင်းထောက်(၁၁၇၇)ဦး၊ ပြည်ပမီဒီယာ(၆၁)ဖွဲ့၊ သတင်းထောက်(၂၁၅)ဦးတို့မှ စောင့်ကြည့်လေ့လာသတင်းရယူတင်ဆက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရွေး ကောက်ပွဲကျင်းပနေမှု၊ ပြည်သူလူ၏ ရွေးကောက်ပွဲတွင် တက်ကြွစွာပါဝင်နေမှုများကို မြန်မာနိုင်ငံသာမက ကမ္ဘာကပါတွေ့မြင်ခဲ့ရပြီးဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။