မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ်ခေါ်ယူရေးအပေါ် ဘာစီလိုနာပရိသတ်များ မဲပေးဆုံးဖြတ်လာ
======================

ဘာစီလိုနာပရိသတ်များဟာ မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ် ခေါ်ယူ/မခေါ်ယူအား မဲပေးဆုံးဖြတ်လာကြပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားဖြင့် ရောက်လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ဘာစီလိုနာသို့ ရောက်လာပြီးနောက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပါတယ်။
သူဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၂၄ ပွဲကစားထားရာမှာ ၇ ဂိုးသွင်းပြီး ၁၁ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
ယင်းသို့ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ဘာစီလိုနာပရိသတ်များဟာ စပိန်သတင်းစာ Mundo Deportivoက ဆန္ဒမဲကောက်ခံမှု ပြုလုပ်လာချိန်တွင် အပြီးသတ်ခေါ်ယူရေး မဲပေးခဲ့ကြပါတယ်။
ဘာစီလိုနာပရိသတ် ၅၄.၆ ရာခိုင်နှုန်းတို့က မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ်ခေါ်ယူရေး မဲပေးခဲ့ကြပါတယ်။
ဘာစီလိုနာဟာ မားကပ်စ်ရက်ဖို့ဒ်ရဲ့အငှားစာချုပ်အတွင်းတွင် ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဘာစီလိုနာပရိသတ် သုံးပုံတစ်ပုံကတော့ ရက်ဖို့ဒ်အား အပြီးသတ်ခေါ်ယူရေး ဆန့်ကျင်ခဲ့ကြပြီး ပရိသတ် ၆.၃ ရာခိုင်နှုန်းက ရာသီကုန်တဲ့အချိန်တွင်မှ ဆုံးဖြတ်စေလိုနေကြပါတယ်။
ရက်ဖို့ဒ်ဟာ ဘာစီလိုနာသို့ ရောက်လာပြီးနောက် နားဖျားမှုကြောင့်သာ တစ်ပွဲတည်း လွဲခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် AS ရဲ့ဖော်ပြလာမှုအရ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ကလည်း ရာသီအကုန်တွင် ရက်ဖို့ဒ်အား အပြီးသတ်ခေါ်ယူရေး ထောက်ခံပေးထားကြောင်း သိရပါတယ်။

image