3 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် ပင်နယ်တီချော်လဲကန်စဉ်က ဝတ်ဆင်ခဲ့တဲ့ အင်္ကျီအပါအဝင် အမှတ်တရပစ္စည်းများကို လေလံတင်ရောင်းချလာတဲ့ ဂျွန်တယ်ရီ
================

ဂျွန်တယ်ရီဟာ ယူနိုက်တက်အား ရှုံးနိမ့်တဲ့ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပင်နယ်တီအား ချော်လဲကန်စဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ အင်္ကျီအား လက်လံတင်လာပါတယ်။
ချဲလ်ဆီးဂန္ထဝင်အသင်းခေါင်းဆောင်ဟာ ကစားသမားဘဝ အမှတ်တရ ပစ္စည်း ၂၀ တို့အား ဗုဒ္ဓဟူးနေ့တွင် လေလံတင် ရောင်းချလာမှာဖြစ်ပြီး ယင်းမှ ရရှိတဲ့ငွေများကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမယ်။
အသက် ၄၅ နှစ်ရှိ ဂျွန်တယ်ရီဟာ ကစားသမားဘဝ ခက်ခဲတဲ့အချိန်တုန်းက အမှတ်တရပစ္စည်းများကိုလည်း လေလံစာရင်းထဲတွင် ထည့်သွင်းထားပြီး ပေါင် ၅၀၀၀ သို့မဟုတ် ပေါင် ၃၇၀၀ လေလံကြမ်းခင်းဈေးသတ်မှတ်ထားပါတယ်။
တယ်ရီဟာ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပင်နယ်တီ အဆုံးအဖြတ်တုန်းက ခရစ္စတီယာနိုရော်နယ်ဒို ပင်နယ်တီ လွဲပြီးနောက် အဆုံးအဖြတ်ပင်နယ်တီကန်ခွင့်ရလာခဲ့ပေမယ့်လည်း ချော်လဲကာ မဝင်ခဲ့ပြီးနောက် ယူနိုက်တက်တို့ မထင်မှတ်ဘဲ အနိုင်ရသွားပါတယ်။
မကြာသေးမီတုန်းက Postcast တစ်ခုတွင် ဂျွန်တယ်ရီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပင်နယ်တီ လွဲပြီးနောက် မော်စကိုရှိ ဟိုတယ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန်ပါ စဉ်းစားခဲ့ကြောင်း ဖွင့်ဟသွားခဲ့ဖူးပါတယ်။
ယခုအခါမှာတော့ ဂျွန်တယ်ရီဟာ နာကျင်စရာ အမှတ်တရနှင့် ပျော်စရာအမှတ်တရပစ္စည်းများကို လေလံတင် ရောင်းချမှုများမှ ငွေများကို John Terry Foundation သို့ ပေးအပ်သွားပါမယ်။
ဂျွန်တယ်ရီ လေလံတင်ရောင်းချလာမယ့် ပစ္စည်းများတွင် ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်တုန်းက ဝတ်စုံလည်း ပါဝင်ပါတယ်။

image