4 ရက် - ဘာသာပြန်ပါ။

၁၁ ပွဲဆက် နိုင်ပွဲ ရရှိကာ နှစ်ပေါင်းတစ်ရာကျော်က စံချိန်ဟောင်းကို လိုက်မီလာခဲ့တဲ့ အက်စတွန်ဗီလာ
======================

အက်စတွန်ဗီလာဟာ မနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချဲလ်ဆီးအား နောက်ကလိုက်ကစားကာ ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲဆက် နိုင်ပွဲ ရရှိခဲ့သလို ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ရရှိပြီး မှတ်တိုင်သစ်များ စိုက်ထူလာနိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ ဂျာအိုပီဒရိုရဲ့ ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ပေမယ့်လည်း အိုလီဝတ်ကင်ရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဗီလာဟာ ၁၈၉၇ ခုနှစ် စက်တင်ဘာလမှ ၁၉၁၄ ခုနှစ် မတ်လအတွင်း ကလပ်ရဲ့ ၁၁ ပွဲဆက် နိုင်ပွဲ ရရှိမှု စံချိန်ကို လိုက်မီလာခဲ့ပါတယ်။

ဒါ့အပြင် ဗီလာဟာ ပရီးမီးယားလိဂ် ၈ ပွဲ နိုင်ပွဲဆက် ရရှိလာမှုနှင့်အတူ ၁၉၁၀ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၉ ပွဲဆက် နိုင်ပွဲ ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲ ၈ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ဗီလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အပြီးတွင် ပထမဆုံးအကြိမ်အဖြစ် ရမှတ် ၃၉ မှတ် ရရှိကာ ကလပ်သမိုင်းတွင် အမှတ်အများဆုံး ရယူထားနိုင်ပါတယ်။

ဗီလာဟာ ချဲလ်ဆီးနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမတ် ၃ မှတ်ကွာဟကာ မထင်မှတ်ဘဲ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်း ဖြစ်လာနေပါတယ်။

image