လီဗာပူးရှုံးပွဲတွင် ဒိုင်လူကြီးအား ဒေါသတကြီးတုံ့ပြန်ခဲ့မှုအတွက် စပါးစ်အသင်းခေါင်းဆောင်ရိုမီယိုကို အက်ဖ်အေ စွဲချက်တင်လာ
======================
စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုဟာ စနေနေ့တုန်းက လီဗာပူးအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ အနီကတ်ပြသခြင်းခံရပြီး လုပ်ရပ်များအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ယင်းပွဲစဉ်နှောင်းပိုင်းတွင် လီဗာပူးနောက်ခံလူအီဘရာဟမ်ကိုနာတေးအား ကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက် ဒုတိယအဝါကတ်ပြသခြင်းခံရပြီး အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယင်းပွဲတွင် စပါးစ်ဟာ ပထမပိုင်းတွင် ဇာဗီးဆိုင်မွန်မှာ ဗာဂယ်ဗန်ဒိက်ရဲ့ခြေသလုံးအား တက်နင်းမှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံထားရကာ ဆယ်ယောက်တည်းဖြင့် ကစားခဲ့ရပြီး ရိုမီယိုပါ အထုတ်ခံရကြောင့် ၉ ယောက်တည်းဖြင့် ကစားခဲ့ရပါတယ်။
အသက် ၂၇ နှစ်ရှိ ရိုမီယိုဟာ ဟူဂိုအီကီတီကီက လီဗာပူးအတွက် ဒုတိယအား ခေါင်းတိုက်ဂိုးသွင်းချိန်တွင် သူ့ကို တွန်းခဲ့တယ်ပြီး ဒိုင်လူကြီးဂျွန်ဘရော့ခ်အား စောဒကတက်မှုကြောင့် ပထမအဝါကတ်ပြသခြင်းခံခဲ့ရတာပါ။
အတ္တလန္တာနှင့် ဂျူဗင်တပ်နောက်ခံလူဟောင်းဟာ ဒုတိယအဝါကတ်ပြသခံပြီး အနီကတ်ပြခံရပြီးနောက် ကွင်းအတွင်းမှ ချက်ချင်း ထွက်ခွာမသွားဘဲ ဒိုင်လူကြီးအား ဒေါသတကြီး စောဒကတက်ပြောဆိုပြုမှုကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားနောက်ခံလူအနေဖြင့် အက်ဖ်အေရဲ့စွဲချက်တင်မှုအား ဇန်နဝါရီလ ၂ ရက်နေ့ သောကြာနေ့ နောက်ဆုံးထားကာ အကြောင်းပြန်ရပါမယ်။
လီဗာပူးနှင့်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရတဲ့ ဇာဗီဆိုင်မွန်နှင့် ရိုမီယိုတို့ဟာ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရမယ့် အဝေးကွင်းပွဲစဉ်အား လွဲချော်လာကြပါမယ်။