ချန်ပီယံရှစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ တောင်းဆိုခြင်းခံလာရတဲ့ ဝက်စ်ဟမ်း
=================

ဝက်စ်ဟမ်းဟာ ကိုဗစ်ထရီစတားဟာဂျီရိုက်အား ခေါ်ယူရေး ကြိုးပမ်းရာတွင် ချန်ပီယံရှစ်ကလပ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ အထိ တောင်းဆိုခြင်းခံလာရပါတယ်။

ဝက်စ်ဟမ်းဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေရပြီး ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူအားဖြည့်ရန် လိုအပ်နေပါတယ်။

နူနိုအက်စ်ပီရီတိုဆန်တိုဦးဆောင်တဲ့ ဝက်စ်ဟမ်းဟာ တန်းဆင်းဇုန်အတွင်းတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ နော်တင်ဟမ်ဖောရက်စ်နှင့် ရမှတ် ၅ မှတ်ကွာဟနေကာ အရေးပါတဲ့ ပွဲ ၄ ပွဲ စောင့်ကြိုနေပါတယ်။

၎င်းတို့ဟာ ဒီဇင်ဘာလာ ၂၇ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်အတွင်းတွင် ဖူလ်ဟမ်၊ ဘရိုက်တန်၊ ဖောရက်စ်တို့နှင့် ရင်ဆိုင်ရပါမယ်။

ဒါ့အပြင် ၎င်းတို့ဟာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ယခုရာသီတွင် နိုင်ပွဲတစ်ပွဲမျှ မရသေးတဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဝုဗ်နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။

The Telegraph ရဲ့ ဖော်ပြမှုအရ ဝက်စ်ဟမ်းဟာ ဘဏ္ဍာရေးပြဿနာကြုံနေရပေမယ့်လည်း တန်းမဆင်းရရေး တိုက်ပွဲဝင်နေရမှုနှင့်အတူ အသင်းရှိ ကစားသမားများအား ရောင်းချခြင်း၊ အငှားဖြင့် ခေါ်ယူခြင်းတို့ ပြုလုပ်ပြီး ဘဏ္ဍာရေးဟန်ချက်ညီအောင် ပြုလုပ်ကာ အသင်းကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်ထားပါတယ်။

ဝက်စ်ဟမ်းဟာ အဓိကပစ်မှတ်အဖြစ် ဝုဗ်တိုက်စစ်သမားဂျော်ဂျင်စထရင်းလာဆင်ကို ခေါ်ယူလိုနေပြီး သူ့ကို ပဲလေ့စ်ကလည်း စိတ်ဝင်စားနေပါတယ်။

နယူးကာဆယ်ဟာ နွေရာသီတုန်းက လာဆင်အား ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရေး ကမ်းလှမ်းခဲ့ရာ ပယ်ချခံခဲ့ရဖူးပါတယ်။

ဒါကြောင့်လည်း ဝက်စ်ဟမ်းဟာ ကိုဗင်ထရီမှ အယ်လစ်ဆမ်းအား ခေါ်ယူရေး ပစ်မှတ်ထားနေပေမယ့် ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ကလပ်က ရောင်းချရန် ငြင်းဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း ၎င်းတို့ဟာ အယ်လစ်ဆမ်းရဲ့ ကစားဖော်ရိုက်အား ခေါ်ယူရေး ဆက်သွယ်ခဲ့ရာမှာတော့ ကိုဗင်ထရီရဲ့ ပေါင်သန်း ၂၀၀ အထိ တောင်းဆိုခြင်းခံလာရပါတယ်။

အမေရိကန်လက်ရွေးစင်ကစားသမားဟာဂျီရိုက်ဟာ ယခုရာသီတွင် ကိုဗင်ထရီအတွက် ပွဲ ၂၀ ကစားရာမှာ ၉ ဂိုးသွင်းပြီး ချန်ပီယံရှစ်အား ဦးဆောင်နိုင်အောင် ကူညီထားပါတယ်။

ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးတွင် နိုင်ပွဲ ၃ ပွဲတည်းသာ ရရှိထားပါတယ်။

၎င်းတို့ဟာ ၁၇ ပွဲတွင် ၁၉ ဂိုးတည်းသာ သွင်းထားနိုင်ရာ တစ်ပွဲလျှင် ၁ ဂိုးနှုန်းမျှသာ သွင်းထားနိုင်ပါတယ်။

image