အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ချေးငွေထုတ်ချေးနိုင်ရေး ဆောင်ရွက်နေ

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ချေးငွေထုတ်ချေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များက ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက ဆောင်ရွက်ရန် လိုအပ်ချက်များကို သေချာစိစစ်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း ချေးငွေထုတ်ချေးနိုင်ရေး ချေးငွေတစ်ခုချင်းအတွက် အများဆုံးထုတ်ချေးနိုင်သည့် ချေးငွေပမာဏကို ဆွေးနွေးကြကြောင်း သိရသည်။

image