လေယာဉ်ပျက်ကျမှုကြောင့် လစ်ဗျားစစ်ဦးစီးချုပ်သေဆုံး
------------------------
လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက် အလီ အာမက် အယ်လ်-ဟတ်ဒက်ဟာ ဒီဇင်ဘာ ၂၃ ရက်က တူကီယဲမြို့တော် အန်ကာရာက ထွက်ခွာပြီးနောက် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။

လေယာဉ်ပျက်ကျမှုမှာ စစ်ဦးစီးချုပ် သေဆုံးခဲ့ပြီး အခြား စစ်ဘက်အရာရှိလေးယောက်လည်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတယ်လို့ လစ်ဗျားအစိုးရက ပြောကြားခဲ့ပါတယ်။ Dassault Falcon 50 အမျိုးအစား ဂျက်လေယာဉ် ဟာ ဟေးမာနာမြို့ပေါ်မှာ အရေးပေါ် ဆင်းသက်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ဘူးလို့ လစ်ဗျား ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါဟာ အန်ကာရာမြို့ကနေ တရားဝင်ခရီးစဉ်အဖြစ် ပြန်လာစဉ် ဝမ်းနည်းဖွယ် ကောင်းပြီး နာကျင်ဖွယ်ကောင်း တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့ ဆုံးရှုံးမှုက နိုင်ငံအတွက်၊ စစ်တပ်အဖွဲ့အစည်းအတွက် နဲ့ ပြည်သူအားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်"လို့လည်း လစ်ဗျားဝန်ကြီးချုပ်က ပြောကြားခဲ့ ပါတယ်။

image