ထိုင်းလုံခြုံရေးအေဂျင်စီများက သံသယဖြစ်ဖွယ် ဒရုန်းအစင်းရေ ၂,၅၀၀ ကျော်ကိုသိမ်းဆည်းရမိ

ထိုင်းနိုင်ငံ၏ အမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကော်မရှင် (NBTC) သည် လုံခြုံရေးအေဂျင်စီများနှင့် ပူးပေါင်းကာ သံသယဖြစ်ဖွယ် ဒရုန်းအစင်းရေ ၂,၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

NBTC ၏ ပြောကြားချက်အရ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် သံသယဖြစ်ဖွယ် ဒရုန်းများ ပျံသန်းမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဒရုန်းများ၏ ပုံသဏ္ဌာန်မှာ ရုရှားစစ်စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ယူကရိန်းပုံစံ ဒရုန်းများနှင့် ဆင်တူကြောင်းလည်း ဖော်ပြထားသည်။

လုံခြုံရေးအေဂျင်စီများနှင့် ပူးပေါင်းစစ်ဆေးချက်အရ အဆိုပါဒရုန်းများကို ကုန်းလမ်းမှတစ်ဆင့် ကုန်စည်များအတွင်း ဝှက်ယူကာ ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုသွင်းယူလာပြီးနောက် ပြည်တွင်း၌ အသုံးပြုရန် ပြင်ဆင်ထားသည့် ဘေးအန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

image