ကိုမိုနှင့် အေစီမီလန်တို့ရဲ့ စီးရီးအေပွဲစဉ်အား ဩစတြေးလျတွင် ကစားရန် စီစဉ်ထားမှုအား ဖျက်သိမ်းလိုက်ပြီ
=======================

စီးရီးအေအကြီးအကဲတို့ဟာ စီးရီးအေပွဲစဉ်အား နိုင်ငံခြားတွင် ကစားရေး အစီအစဉ်အား လက်လျှော့လိုက်ကြပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကိုမိုနှင့် အေစီမီလန်တို့ရဲ့ စီးရီးအေပွဲစဉ်ကို ဩစတြေးလျနိုင်ငံ၊ ပတ်တွင် ကစားရန် စီစဉ်ထားခဲ့တာပါ။

စီးရီးအေဟာ ပရိသတ်များရဲ့ ဆန့်ကျင်ကွန့်ကွက်နေတဲ့ကြားထဲမှ စီးရီးအေပွဲစဉ်အား ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားတွင် ကစားရန် အတင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

စီးရီးအေဟာ ကိုယ်ပိုင်စည်းမျဉ်းကို ရိုက်ချိုးခံပြီး ယင်းပွဲကို ဩစတြေးလျဒိုင်လူကြီးအား ကိုင်တွယ်စေကာ ဩစတြးလျဒိုင်အဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ကြီးကြပ်မှုဖြင့် ကစားရန် လက်ခံခဲ့ပါတယ်။ တဖက်တွင် စီးရီးအေဟာ အာရှဘောလုံးအဖွဲ့ချုပ်က ယင်းပွဲအား စီးရီးအေပွဲစဉ်အဖြစ် ပရိုးမိုးရှင်းမလုပ်ရေးတောင်းဆိုမှုကိုလည်း လက်ခံခဲ့ပါသေးတယ်။

ယင်းပွဲရဲ့တန်ကြေးမှာ ပေါင် ၃.၅ သန်း ရှိပါတယ်။

ဒါပမေယ့် စီးရီးအေဟာ အာရှဘောလုံးအဖွဲ့ချုပ်နှင့် ဩစတြေးလျဘောလုံးအဖွဲ့ချုပ်တို့က လက်ခံနိုင်စရာ မရှိတဲ့ တောင်းဆိုမှုများစွာ ပြုလုပ်လာမှုနှ့င်အတူ ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

ယခကဲ့သို့ စီးရီးအေရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်များက ကြိုဆိုလာဖို့ ရှိနေပါတယ်။ ပရိသတ်များဟာ ပြည်တွင်းလိဂ်ပွဲစဉ်များအား နိုင်ငံခြားတွင် ကစားရေး တားဆီးရန် ဖီဖာနှင့် ယူအီးအက်ဖ်အေတို့အား တောင်းဆိုနေကြပါတယ်။

ကိုမိုနှင့် အေစီမီလန်ပွဲမတိုင်မီ ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲကိုလည်း မိုင်ယာမီတွင် ကစားရန် စီစဉ်ထားခဲ့ပေမယ့် လာလီဂါပွဲစဉ်များတွင် အသင်းများက သပိတ်မှောက်မှု ပြုလုပ်မှုကြောင့် ဖျက်သိမ်းခဲ့ရပြီး ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေနှင့် ဖီဖာတို့ဟာ ပြည်တွင်းလိဂ်ပွဲစဉ်များကို နိုင်ငံခြားတွင် ကစားမှု ရပ်တန့်နိုင်မယ့် စည်းမျဉ်း ဥပဒေအတိအကျ မရှိမှုကြောင့် တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။

image