လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ဒဏ်ရာခွဲစိတ်မှု ခံယူ
လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်ဟာ ခြေထောက်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ အနားယူရမယ့်
ကာလကို အတည်ပြုကြေညာခြင်း မရှိပါဘူး။
အီဆက်ခ်အနေနဲ့ အနည်းဆုံးတစ်လခန့် အနားယူ
ရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ၎င်းဟာ ခြေချင်းဝတ်ရှိ တံကျင်ရိုးကျိုးသွားလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်စံချိန်တင်ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့
အီဆက်ခ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ သုံးဂိုးသာ သွင်းယူထားနိုင်ပါတယ်။