ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ နေမာ
ဘရာဇီးလ်နာမည်ကျော်တိုက်စစ်ကစားသမား နေမာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
နေမာ(၃၃ နှစ်)ဟာ အခုရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရတာပါ။
ဒါပေမဲ့ သူ့ရဲ့အသင်း ဆန်းတို့စ်အသင်းကိုတော့ တန်းဆင်းဇုန်ကလွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။
အခုခွဲစိတ်မှုဟာ ၂၀၂၃ ခုနှစ်က ရရှိခဲ့တဲ့ ဒူးဒဏ်ရာရဲ့ နောက်ဆက်တွဲ ခွဲစိတ်ကုသမှုလည်း ဖြစ်ပါတယ်။
နေမာအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိတ်အားထက်သန်နေတာပါ။
၎င်းဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲမှာ ၇၉ ဂိုး သွင်းယူပြီး ဂိုးအများဆုံး ဖြစ်နေပါတယ်။