နာပိုလီအသင်းထံ အငှားနဲ့ပြောင်းခဲ့တာဟာ ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်လို့ ဟွိုင်လန်း ပြောကြား
မန်ယူနိုက်တက်အသင်းကနေ အငှားလာကစားနေတဲ့ တိုက်စစ်မှူး ဟွိုင်လန်းက နာပိုလီအသင်းထံ အငှားနဲ့ပြောင်းခဲ့တာဟာ ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်လို့ ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်လက်ရွေးစင် ဟွိုင်လန်းက စူပါဖလားရယူအပြီး သူ့ရဲ့ Instagram မှာ ''ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာ ဘယ်လိုပုံစံမျိုးလဲ''လို့ ရေးသားခဲ့
ပါတယ်။
ဟွိုင်လန်းအနေနဲ့ နာပိုလီအသင်းနဲ့အတူ ပထမဆုံးဆုဖလား ရရှိတာ
လည်းဖြစ်တယ်။
ဟွိုင်လန်းဟာ ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ပေမဲ့ ဆီမီးဖိုင်နယ်မှာ အေစီမီလန်ဘက်ကို တစ်ဂိုးသွင်းခဲ့ပါတယ်။
၎င်းဟာ စက်တင်ဘာလမှာ အငှားနဲ့ ရောက်လာပြီးနောက် ၁၉ ပွဲကစား ခုနစ်ဂိုး သွင်းယူထားပါတယ်။
သူ့ရဲ့အငှားအပြောင်းအရွှေ့မှာ နာပိုလီအသင်းအနေနဲ့ ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်လည်း ပါဝင်ပါတယ်။