ပြင်ဆင်၊ ဖြည့်စွက်၊ စိစစ်ပြီး မဲစာရင်းများကို နောက် ဆုံးအကြိမ်အဖြစ် မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်မှစတင်ကာကပ်ထားကြေညာမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဒီဇင် ဘာ ၂၈ ရက်ကစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ပါ တီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် (၁၄)ရက်ကပ်ထားကြေညာခဲ့ရာမှ မဲစာရင်းများပြည့်စုံမှန်ကန်စေရန် ပြင်ဆင်၊ ဖြည့်စွက်၊ စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင်ကပ်ထားကြေညာမည်ဟု ယနေ့ ဒီဇင်ဘာ ၂၂ ရက်ကအသိပေးခဲ့သည်။

ရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် မြို့နယ်များအတွက် မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ ဒီဇင်ဘာ ၂၆ ရက်မှ ရွေးကောက်ပွဲစတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက် မဲပေးခြင်းပြီးဆုံးသည့်အချိန်အထိ သက်ဆိုင်ရာ မဲရုံများတွင်ကပ်ထားကြေညာမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် ပြင်ဆင်၊ ဖြည့်စွက်၊ စိစစ်ပြီး မဲစာရင်းများကို ရွေးကောက်ပွဲအပိုင်း(၁)တွင်ပါဝင်သည့် မြို့ နယ်(၁၀၂) မြို့နယ်မှအပ ကျန်မြို့နယ်များတွင်လည်း မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များကို သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံ၌ မဲစာရင်းစိစစ်လက်မှတ်ရေးထိုးချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်၍ မဲစာရင်းလာရောက်ကြည့်ရှုပြီး မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီကြရန်လည်း UEC ကအသိပေးခဲ့သည်။

image