ICRC မှ ငလျင်ဒ-ဏ်သင့် တံတားဦးဆေးရုံအတွက် အဝီစိတွင်းသစ်တူးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးခဲ့

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် မန္တလေးတိုင်းရှိ တံတားဦးဆေးရုံ၏ ရေပေးဝေရေးစနစ်ထိခိုက်ပျ-က်စီးခဲ့သည့်နည်းတူ အဆောက်အအုံပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ICRC မှ ခွဲစိတ်ခန်းတွင် ရေသန့်စင်စနစ်တပ်ဆင်ခြင်း၊ အချင်းထည့်ရန်တွင်းတည်ဆောက်ခြင်း၊ ဆေးရုံထွက်စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲရန် ပစ္စည်းကိရိယာများပံ့ပိုးခြင်း၊ လီတာ (၉,၀၀၀) ဆံ့ရေစင်တည်ဆောက်ခြင်းနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းစဥ်များအတွက် သန့်ရှင်းပြီးဘေးကင်းသည့်ရေရရှိစေရန် အဝီစိတွင်းသစ်တူးခြင်းတို့ကိုကူညီပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

image