Call of Duty နှင့် Battlefield ဂိမ်းဖန်တီးသူ အမေရိကန်တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်

Call of Duty နှင့် Battlefield ဗီဒီယိုဂိမ်းစီးရီးများကို ဖန်တီးခဲ့သူတစ်ဦးဖြစ်သည့် Vince Zampella သည် ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအတွင်း ‌ေ-သဆုံးသွားခဲ့ကြောင်း ဒေသတွင်း NBC News သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ မတော်တဆမှုသည် တနင်္ဂနွေနေ့က San Gabriel တောင်တန်းဒေသရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၅၅ နှစ်အရွယ် Zampella လိုက်ပါလာသည့် ကားသည် ကွန်ကရစ်အတားအဆီးတစ်ခုကို တိုက်မိကာ မီးလေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦးစလုံးမှာ ရရှိသောဒ-ဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။ လက်ရှိအချိန်အထိ မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးချေ။

Vince Zampella သည် အောင်မြင်ကျော်ကြားလှသော Call of Duty ဂိမ်းစီးရီးများကို ထုတ်လုပ်ခဲ့သည့် Infinity Ward ကုမ္ပဏီ၏ စီအီးအိုဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် သူသည် Titanfall နှင့် Star Wars Jedi: Fallen Order တို့ကို ထုတ်လုပ်ခဲ့သည့် Respawn Entertainment ကို ပူးတွဲတည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် နည်းပညာကုမ္ပဏီကြီးဖြစ်သော EA က ဝယ်ယူခဲ့သည်။ မကြာသေးမီက သူသည် EA ၏ Battlefield ဂိမ်းစီးရီးတွင် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

image