AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေ
ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားညဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်းပြီး AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှု ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး Legal Assistant AI Model ဆောင်ရွက်ကာ ဥပဒေအသိပညာအချက်အလက်များကို ထည့်သွင်းပြီးစီးမှုနှင့်ပတ်သက်ပြီး ယမန်နေ့က ကော်မတီ အစည်းဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်ရန် DATA Collection ပြုလုပ်ခြင်းနှင့် ရရှိပြီးသည့် data များကို Legal Assistant AI Model အတွင်း ထည့်သွင်းလေ့ကျင်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
AI နည်းပညာကို ဥပဒေအသိပညာနှင့် ချိတ်ဆက်ပြီး ပြည်သူများကို ဥပဒေဗဟုသုတအသိပညာများကို ဖြန့်ဖြူးနိုင်ရေးနှင့် Legal Assistant AI Model ပိုမိုကောင်းမွန်ရန်နှင့် ထပ်မံထည့်သွင်းလေ့ကျင့်ရမည် ဥပဒေများအတွက် အချက်အလက်များစုဆောင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေ့ချုပ် ဒေါက်တာသီတာဦးနှင့် ဒုတိယဝန်ကြီး ဒုတိယရှေ့နေချုပ် ညွှန်ကြားရေးမှုးချုပ်များ အမျိုးသား ညဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ဒါရိုက်တာအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။