AI အပါအဝင် ထွန်းသစ်နည်းပညာ အရွှေ့နှုန်းနှင့်အမီ လိုက်ပါနိုင်ရေး လေ့လာဆောင်ရွက်ရန်လို
အင်ဂျင်နီယာဘာသာရပ်အလိုက် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် AI အပါအဝင် ထွန်းသစ်နည်းပညာ အရွှေ့နှုန်းနှင့်အမီ လိုက်ပါနိုင်ရေး လေ့လာဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တိုက်တွန်းပြောကြားသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်စဉ် သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်က အမှန်တကယ် အားထားရမည့် နည်းပညာစွမ်းရည်များပြည့်ဝသည့် လူငယ်အင်ဂျင်နီယာကောင်းများဖြစ်စရေန် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ဒေါက်တာ အောင်ဇေယျက မှာကြားခဲ့သည်။
နည်းပညာကျွမ်းကျင်မှုအပြင် ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် နည်းပညာရှင်လိုအပ်ချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရေးအလေးထားဆောင်ရွက်ရန်လည်း ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။