ပုဂံ-ညောင်ဦးလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံ-ညောင်ဦး လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ယမန်နေ့(ဒီဇင်ဘာ ၂၁)ရက်နေ့က လုပ်ငန်းဆောင်ရွက်နေမှုများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုဂံညောင်ဦး လေဆိပ်ပြေးလမ်းနှစ်ဖက်သို့ ၂၅ ပေစီတိုးချဲ့ခြင်း၊လေယာဉ်ပြေးလမ်းနှင့်မူလလေယာဉ်ပြေးလမ်းကို နိုင်လွန်ကတ္တရာခင်းခြင်းနှင့် လေယာဉ်ရပ်နားရန်နေရာတိုးချဲ့တည်ဆောက်ခြင်းများကို လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
ယင်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရေးဆွဲထားသည့် အချိန်ဇယားအတိုင်းဆောင်ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မှီစွာ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးကပြောသည်။
ထိုနောက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်က ငလျင်ကြောင့် ထိခိုက်ပျ-က်ဆီးခဲ့သည့် နေရာများ ပြုပြင်မွမ်းမံမှုအခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။
ပုဂံဒေသကို ပြည်တွင်းပြည်ပခရီးသွားဧည့်သည်အများအပြား စိတ်ဝင်တစားလာရောက်လည်ပတ်ပြီး ပုဂံညောင်ဦး လေဆိပ်ကို အသုံးပြုသည့် ခရီးသွားအများအပြားလည်း ရှိသည်။