နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်၍ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
နိုင်ငံအတွင်း ပညာရေးဝန်ထမ်းများ လိုအပ်ချက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အချို့ပညာရေးဝန်ထမ်းများအနေဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်း ရို-က်ခတ်မှုတို့ကြောင့် လုပ်ငန်းခွင်စွန့်ခွာခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ထိုသို့စွန့်ခွာခဲ့ရသူများအား အခွင့်အရေးပေးသည့်အနေဖြင့် ပြန်လည်သတင်းပို့သူများကို လုပ်ငန်းခွင်စွန့်ခွာသူများစာရင်းမှ ပယ်ဖျ-က်ပေးခဲ့ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
နိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် ကျော်လွှားခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။