ယူကရိန်းအတွက် ဒေါ်လာ ၁၀၅ ဘီလီယံချေးငွေ ဥရောပခေါင်းဆောင်တွေ အတည်ပြု

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ယူကရိန်းရဲ့ စစ်ရေးလိုအပ်ချက်တွေအတွက် ဒေါ်လာ ၁၀၅ ဘီလီယံ ချေးငွေပေးဖို့ သဘောတူလိုက်ကြပါတယ်။
ဒီသဘောတူညီချက်အရ မိမိတို့အနေနဲ့ စစ်ပွဲမှာ ခံနိုင်ရည်ကို အမှန်တကယ် အားကောင်းစေလာမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပြီး ရုရှားပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထာတာကို ဆက်လက်ထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇီလန်စကီးက ရုရှားပိုင်ဆိုင်မှုထဲက ယူရို ၂၀၀ ဘီလီယံကို အသုံးပြုဖို့ တောင်းဆိုခဲ့ပေမယ့် ငွေသားအများစုကို သိမ်းဆည်းထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံက တာဝန်ယူမှုဆိုင်ရာတွေမှာ အခြားနိုင်ငံတွေကိုပါ တောင်းဆိုခဲ့ပြီးနောက် ဒီကိစ္စ အထမမြောက်ခဲ့ပါဘူး။
ဥရောပခေါင်းဆောင်တွေဟာ နောက်နှစ်နှစ်အတွင်း ယူကရိန်းရဲ့ စစ်ရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေမယ်လို့ ဆိုထားပြီး လက်ရှိ သဘောတူညီချက်ဟာ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ တရက်ကျော်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ထွက်ပေါ်လာတာပါ။
ယူကရိန်းဟာ နောက်နှစ်နှစ်အတွင်း ယူရို ၁၃၅ ဘီလီယံ ထပ်မံလိုအပ်ကြောင်း ဥရောပခေါင်းဆောင်တွေက ခန့်မှန်းထားပါတယ်။ တချိန်တည်းမှာပင် အမေရိကန်နဲ့ ရုရှားအရာရှိတွေဟာ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးပွဲတွေအတွက် ယခုသီတင်းပတ်ကုန်အတွင်း မိုင်ယာမီမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဒါအပြင် ယူကရိန်းနဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေဟာလည်း သီးခြားဆွေးနွေးပွဲများ ကျင်းပဖို့ မျှော်လင့်ရပါတယ်။ သမ္မတ‌ဒေါ်နယ်ထရန့် အဆိုပြုတဲ့ ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်နဲ့ပတ်သက်ပြီး ယူကရိန်း လုံခြုံရေးအာမခံချက်နဲ့ နယ်မြေပိုင်ဆိုင်မှုကိစ္စတွေမှာ သဘောထား ကွဲလွဲနေဆဲဖြစ်ပါတယ်။