အိမ်ရာအဆောက်အအုံ(၂၄)လုံးတည်ဆောက်ရန် တင်ဒါခေါ်ယူ
---------------------------------
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေကို အိတ်ဖွင့်တင်ဒါတင်သွင်းဖို့ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဒီဇင်ဘာ (၁၈)ရက်မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ဖိတ်ခေါ်အသိပေးကြေညာထားပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်တည်ဆောက်လျက် ရှိတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာစီမံကိန်းအပိုင်း(၃)နဲ့ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း(၁)၊ အပိုင်း(၂)တို့မှာ အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေကို အိတ်ဖွင့်တင်ဒါတင်သွင်းဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
တင်ဒါလျှောက်လွှာပုံစံတွေကိုဒီဇင်ဘာ(၁၇)ရက်ကနေ ဒီဇင်ဘာ(၃၀)ရက်နေ့အထိရုံးချိန်အတွင်းမှာ ရောင်းချပေး သွားမှာဖြစ်ပြီး တင်ဒါတင်သွင်းလိုသူတွေအနေနဲ ဒီဇင်ဘာ(၃၁)ရက် နေ့လယ်(၃)နာရီအချိန် နောက်ဆုံးတင်သွင်း နိုင်တယ်လို့ ကြေညာချက်ထဲမှာပါရှိပါတယ်။
တင်ဒါလျှောက်လွှာပုံစံဝယ်ယူတာနဲ့ တင်သွင်းတာတွေအတွက် နေပြည်တော်၊ ရုံးအမှတ် (၄၀)၊ တင်ဒါလက်ခံရေး နှင့်စိစစ်ရေးကော်မတီ၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖုန်း- ၀၆၇-၃၄၀၇၅၂၇ ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်းသိရပါတယ်။