ပြင်ဦးလွင်မြို့တွင်(၁၀၂)ကြိမ်မြောက်နွားဘေးမဲ့ပွဲတော်ပြုလုပ်မည်
--------------------------------------------------

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၊ရပ်ကွတ်ကြီး(၁၉)၊ သရက်ပင်ကျေးရွာရှိ
သျှရီကရီစ္စနားဂေါ်ရှာလား နွားဘေးမဲ့ရိပ်သာရဲ့(၁၀၂)နှစ်မြောက် အထိမ်းအမှတ်ပွဲတော်ကိုဒီဇင်ဘာ(၂၅) ရက်မှာစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။
အဲဒိပွဲတော်မှာဟိန္ဒူနေပါလီ ရိုးရာအကတွေနဲ့ဖျော်ဖြေတာ၊သတ်သက်လွတ်စတုဒိသာကျွေးမွေးလှူဒါန်းတာနဲ့ ကံစမ်းမဲဖွင့်လှစ်တာတွေပါထည့်သွင်းပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သျှရီကရီစ္စနားဂေါ်ရှာလား နွားဘေးမဲ့ရိပ်သာမြေကိုအလှူရှင် သျှရီဘိုလားနားသ်ဂျီး မိသားစုက ၁၉၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ နွားဘေးမဲ့ရိပ်သာအဖြစ် ရေစက်ချ မတည်လှူဒါန်းတည်ထောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဲဒိအချိန်ကစပြီး အခုထိတိုင်အောင် ခေတ်အဆက်ဆက်ဟိန္ဒူဘာသာဝင်လူကြီးတွေက ထိန်းသိမ်းစောင့်ရှောက်ခဲ့ရာ အခု၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာနှစ်ပေါင်း (၁ဝ၂)နှစ်ရှိ​​ြပီဖြစ်တယ်လို့လည်းသိရပါတယ်။