ပဲခူးမြို့အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေ

ပဲခူးမြို့အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေး Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။
ထိုတည်ဆောက်နေသည့် နေရာသည် ပဲခူးမြို့မဈေးအနီး၊ ပဲခူးတံတား အထက်ဘက်အခြမ်းနှင့် အောက်ဘက်ခြမ်း ဝဲယာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။
ထိုတည်ဆောက်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးရေလျှံမှုမဖြစ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပဲခူးမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းမှ ချောင်းများကိုလည်း ရေတံခါးတပ်ဆင်နိုင်ရေး ကွင်းဆင်းတိုင်းတာတွက်ချက်တင်ပြရန်၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။