အဝေးကွင်းတစ်ပွဲအား ပရိသတ်မပါဘဲ ကစားရန် ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်းခံလာရတဲ့ မက္ကဘီတဲလ်အဗစ်
================

အစ္စရေးကလပ် မက္ကဘီတဲလ်အဗစ်ဟာ ဂျာမန်ကလပ် စတုဂတ်နှင့်ပွဲစဉ်မှ ပရိသတ်များရဲ့ လူမျိုးရေးခွဲခြားမှု/ ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေရဲ့ အဝေးကွင်း တစ်ပွဲအား ပရိသတ်မပါဘဲ ကစားရန် အရေးယူခြင်းခံလာရပါတယ်။
အစ္စရေးကလပ်ဟာ လုံခြုံရေးပိုင်း စိုးရိမ်ရမှုကြောင့် နိုဝင်ဘာလတုန်းက ဗီလာပါ့ခ်တွင် အက်စတွန်ဗီလာနှင့် ကစားတဲ့ ယူရိုပါလိဂ်ပွဲစဉ်အား အဝေးကွင်းပရိသတ် မပါဘဲ ကစားခဲ့ရတဲ့အသင်းလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ ပရိသတ်များရဲ့ လုပ်ရပ်ကြောင့် အဝေးကွင်းတစ်ပွဲ ပိတ်ပင်ခြင်းခံလာရတဲ့အပြင် ယူရို ၂၀၀၀၀ လည်း ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
မက္ကဘီတဲလ်အဗစ်ဟာ စတုဂတ်နှင့်ပွဲတွင် ၄-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ယူရိုပါလိဂ်လိဂ်ပွဲ ၆ ပွဲကစားထားရာမှာ ရမှတ် ၁ မှတ်တည်းသာ ရရှိထားကာ အုပ်စုအဆင့်မှ လှည့်ပြန်ရတော့မှာလည်း ဖြစ်ပါတယ်။
မက္ကဘီတဲလ်အဗစ်ဟာ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ဖရိုင်းဘတ်နှင့် အဝေးကွင်းပွဲစဉ်အား ပရိသတ်မပါဘဲ ကစားရပါမယ်။