ဒတ်ချ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာတဲ့ ဝီမန်း
====================
အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဆာရီနာဝီမန်းဟာ ဒတ်ချ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာပါတယ်။
အသက် ၅၆ နှစ်ရှိ အင်္ဂလန်အသင်းနည်းပြဟာ အာန်ဟမ်တွင် အိုလံပစ်ကော်မတီနှင့် မသန်စွမ်းကော်မတီတို့က ကြီးမှူးကျင်းပတဲ့ အခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံးနည်းဆုအား ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ဆာရီနာဝီမန်းဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆု(အမျိုးသမီး)အား ၅ ကြိမ်မြောက် ဆွတ်ခူးထားသလို ၂၀၂၅ ခုနှစ် Ballon d'Or တစ်နှစ်တာအကောင်းဆုံးနည်းပြ(အမျိုးသမီး)ဆုတို့ကိုလည်း ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ အင်္ဂလန်ကို ယူရို ၂၀၂၅ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဘီဘီစီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ဒုတိယအကြိမ်မြောက် ဆွတ်ခူးလာပါတယ်။
ဝီမန်းဟာ ၂၀၂၁ ခုနှစ်တွင် အင်္ဂလန်အမျိုးသမီးအသင်းကို ကိုင်တွယ်ပြီးနောက် ယူရိုချန်ပီယံ ၂ ကြိမ်ဆက်ဖြစ်အောင် စွမ်းဆောင်ထားတဲ့အပြင် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးထားပါတယ်။
သူမဟာ နယ်သာလန်အသင်းကိုလည်း ယူရို ၂၀၁၇ ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။