နိုင်ငံခြားရေး ဒုတိယဝန်ကြီး သီရီလင်္ကာသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

ကဏ္ဍစုံတွင်အကျိုးတူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဆိုရှယ်လစ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms . Prabashini Ponnamperuma ကို ယမန်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များအပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image