ဂျပန်ကွင်းလယ်ကစားသမား Kirara Ogawa ကို ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း ခေါ်ယူ
မကြာမီ ပြန်လည်စတင်မည့် Myanmar Women League ဒုတိယအကျော့ ပွဲစဉ်များအတွက် ဂျပန်ကွင်းလယ်ကစားသမား Kirara Ogawaကို ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း အားဖြည့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်ထုတ်ပြန်ထားသည်။
အဆိုပါ ကစားသမားသည် ဖိလစ်ပိုင် အမျိုးသမီးကလပ် Stallion Laguna FC ၌ ကစားနေသည့် ဂျပန်ကွင်းလယ်တောင်ပံကစားသမားတစ်ဦးဖြစ်ကြောင်း ဆိုသည်။
Kirara Ogawa သည် ဘောလုံးကစားခြင်းကို ၂၀၁၄ ခုနှစ်၊ အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ဂျပန်ကျောင်းအသင်းများတွင် ကစားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှစတင်၍ ဂျာမနီကလပ်အသင်းများဖြစ်သည့် FFC Recklinghausen Frauen၊ Djktusa 06 Düsseldorf၊ Alemannia Aachen၊ D.C.f.R link srhein isch စသည့်အသင်းများတွင် ကစားခဲ့ဖူးပြီးနောက် Stallion Laguna FC အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းလည်းဖြစ် သည်။