ဆီးဂိမ်းစ်အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ ကြေးတံဆိပ် (၂) ခု ရရှိ

၂၀၂၅ ထိုင်းဆီးဂိမ်းစ် အမျိုးသမီးလက်ဝှေ့ (Boxing) ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာလက်ဝှေ့အားကစားအဖွဲ့ဟာ ကြေးတံဆိပ်ဆု (၂) ခု ထပ်မံရရှိခဲ့ပါတယ်။
ဆီးဂိမ်းစ်အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ (၅၀) ကီလိုတန်းကို ကွာတားအဆင့်ကနေ စတင်ကျင်းပခဲ့ပြီး မြန်မာအမျိုးသမီးကစားသမား မြမိုးသူဟာ Bye ရကာ ဆီမီးအဆင့်ကနေ စတင်ကစားခဲ့ရပါတယ်။
မြမိုးသူဟာ ဆီမီးအဆင့်မှာ ဖိလစ်ပိုင်ကစားသမား ဖိလစ်ဂတ်အီရာကို (၀-၅) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယကြေးတံဆိပ်ဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။
ဆီးဂိမ်းစ်အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ (၅၇) ကီလိုတန်းကိုတော့ ဆီမီးအဆင့်ကနေ စတင်ကျင်းပခဲ့ပါတယ်။
မြန်မာကစားသမား ဆုမြတ်နိုးဟာ ဆီမီးအဆင့်မှာ ဗီယက်နမ်ကစားသမား ငုယင်ဟုရန်ထရန်ကို (၀-၅) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယကြေးတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မြန်မာလက်ဝှေ့အားကစားအဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာလည်း အမျိုးသား (၆၀) ကီလိုတန်းကနေ နုတ်မာန်က တတိယကြေးတံဆိပ်ဆု ရယူပေးထားပါတယ်။