6 ရက် - ဘာသာပြန်ပါ။

စနေနေ့ နယူးကာဆယ်နှင့် အဝေးကွင်းပွဲစဉ်တွင် အက်စ်တီဗာအို မပါဝင်ဘဲ ရင်ဆိုင်ရမယ့် ချဲလ်ဆီး
======================

ချဲလ်ဆီးဟာ စနေနေ့ နယူးကာဆယ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင် တောင်ပံကစားသမားအက်စ်တီဗာအိုဝီလီယံ မပါဝင်ဘဲ ရင်ဆိုင်ရပါမယ်။
အသက် ၁၈ နှစ်ရှိ ဘရာဇီးတောင်ပံကစားသမားဟာ အင်္ဂါနေ့ညတုန်းက ကာဒစ်ဖ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပါဝင်လာမယ်လို့ ယူဆထားရပေမယ့်လည်း ကြွက်သားဒဏ်ရာကြောင့် လူစာရင်းမှာပင် မပါဝင်နိုင်ခဲ့ပါဘူး။
ယခုအခါ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အက်စ်တီဗာအိုမှာ စနေနေ့ နယူးကာဆယ်နှင့် အဝေးကွင်းပွဲစဉ်ကိုလည်း လွဲချော်လာမှာ ဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။
မာရက်စ်ကာက "သူ့မှာ ပြဿနာလေး ရှိနေတယ်။ ကြွက်သားပြဿနာပါ။ နယူးကာဆယ်နဲ့ပွဲမှာလည်း ပါလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာ ယခုရာသီတွင် ကိုးလ်ပါလ်မာမှာ ပေါင်ခြံဒဏ်ရာရရှိနေမှုကြောင့် အထူးသတိထား အသုံးပြုနေရပါတယ်။ မာရက်စ်ကာရဲ့ အဓိကဗဟိုနောက်ခံလူလီဗီကိုလ်ဝဲလ်မှာလည်း ကလပ်ကမ္ဘာ့ဖလားအပြီး ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးအရွတ်ဒဏ်ရာရရှိကာ အနားယူနေရပါတယ်။
ဒါ့အပြင် နွေရာသီတွင် ခေါ်ယူထားတဲ့ တိုက်စစ်မှူးလီယမ်ဒီလက်ပ်မှာလည်း ဒဏ်ရာကြောင့် ၆ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။
မွိုက်စ်ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်နှင့် ဂျိုအာပီဒရိုတို့မှာလည်း ကြွက်သားပြဿနာများနှင့် ကြုံခဲ့ရပါတယ်။

image