ယာဉ်မတော်တဆမှုကြောင့် မက်ကယ်ဖီးလ်တိုက်စစ်မှူးအီသန်မက်လော့ဒ် သေဆုံး
======================
မက်ကယ်ဖီးလ်တိုက်စစ်မှူးအီသန်မက်လော့ဒ်ဟာ အင်္ဂါနေ့ ပွဲတစ်ပွဲကစားပြီး အပြန် M1 အမြန်လမ်းတွင် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ မက်လော့ဒ်ဟာ မြောက်ပိုင်းနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဘက်ဖို့ဒ်တောင်းနှင့်ပွဲစဉ်တွင် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးနောက် အပြန်တွင် ယာဉ်မတော်ဆမှုတွင် သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။
မက်လော့ဒ်စီးလာတဲ့ အဖြူရောင်မာစီးဒီးစ်ကားဟာ နော့သမ်တန်အနီးတွင် အတားအဆီးတစ်ခုကို တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။
မက်လော့ဒ်ဟာ အသက် ၇ နှစ်အရွယ်တွင် ဝုဗ်အကယ်ဒမီသို့ ရောက်လာပြီးနောက် ယူ-၂၁ အသင်းနှင့်အတူ EFL Trophy ဆုဖလားဆွတ်ခူးခဲ့ပေမယ့်လည်း စီနီယာအသင်းအတွက် တစ်ပွဲမျှ ကစားခွင့်မရခဲ့ပါဘူး။
ဘာမင်ဂမ်ဖွားကစားသမားဟာ တောင်ပိုင်းလိဂ်ကလပ် Alvechurch ၊ Rushall Olympic နှင့် Stourbridge တို့တွင် အငှားဖြင့် သွားကစားပြီးနောက် ဝုဗ်မှ ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဇူလိုင်လတုန်းက မက်ကယ်ဖီးလ်တွင် စမ်းသပ်လေ့ကျင့်ခန်းဆင်းမှု အောင်မြင်ပြီးနောက် အပြီးသတ်ပြောင်းခဲ့ပါတယ်။
သဟာ မက်ကယ်ဖီးလ်အတွက် ၅ ပွဲကစားပေးခဲ့ကာ ၂ ဂိုးသွင်းပေးခဲ့ပါတယ်။