ဘီဘီစီရဲ တစ်သက်တာထူးချွန်ဆု ချီးမြှင့်ခြင်းခံလာရမယ့် သီယာရီဟင်နရီ
=======================
အာဆင်နယ်နှင့် ပြင်သစ်တိုက်စစ်မှူးသီယာရီဟင်နရီဟာ ကြာသပတေးနေ့ BBC Sports Personality of the Year ဆုပေးပွဲအခမ်းအနားတွင် Lifetime Achievement award ချီးမြှင့်ခံလာရပါမယ်။
အသက် ၄၈ နှစ်ရှိ ဟင်နရီဟာ ၂၀၁၄ ခုနှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဟင်နရီဟာ အာဆင်နယ်တွင် ကစားတဲ့ နှစ်ကြိမ်တွင် ၃၇၇ ပွဲကစားကာ ၂၂၈ ပွဲ ကစားခဲ့သူ ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ကလပ်သမိုင်းတင် အာဆင်နယ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ခဲ့ပါတယ်။
သူဟာ အာဆင်နယ်နှင့်အတူ အက်ဖ်အေဖလား ၃ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ကာ PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ၆ ကြိမ်တိုင်တိုင် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် ဖန်တီးမှုအများဆုံးအဖြစ် အကြိမ် ၂၀ ဖြင့် ကီဗင်ဒီဘရိုင်းနှင့်အတူ ပူးတွဲ မှတ်တမ်းရေးထိုးထားသူလည်း ဖြစ်ပါတယ်။
ယခင်တုန်းက Lifetime Achievement award ကို ဘောလုံးလောကမှ ပီလီ၊ ဘော်လ်ဘီချာလ်တန်၊ ဆာဒေးဗစ်ဘက်ဟမ်းတို့လည်း ဆွတ်ခူးခဲ့ဖူးပါတယ်။