မြန်မာ-ဘရူနိုင်း ကုန်သွယ်မှုတိုးမြှင့်ရေး ဆွေးနွေး
--------

မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး ဟာဂျီ မိုဟာမက် ဆာရစ် ပူဒင် ဘင် မက်ဆရူဒင် ကို ဒီဇင်ဘာလ ၁၆ ရက် ကနေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံ ချိန်မှာ အခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါ။
တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေမဲ့ကိစ္စတွေ၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မယ့်ကိစ္စ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားကဏ္ဍ အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

image