ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု လက်တုံ့ပြန်မည်ဟု ဒေါ်နယ်ထရန့်ဆို

ဆီးရီးယားအလယ်ပိုင်းတွင်သေနတ်သမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားနှစ်ဦး နှင့် အရပ်သားစကားပြန်တစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းကိစ္စကို လက်တုံ့ပြန်မည်ဟု သမ္မတဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၁၄ ရက်တွင် ကတိပြုပြောဆိုလိုက်သည်။
အမေရိကန်တပ်ဖွဲ့ဝင်များသည် ပါလ်မိုင်ရာမြို့တွင် အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးများကို ပံ့ပိုးနေစဉ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအခြားသုံးဦး ဒဏ်ရာရရှိခဲ့ကာသေနတ်သမားလည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားတာဝန်ရှိသူများကပြောသည်။
ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနတစ်ခုကမူ ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် ပူးတွဲကင်းလှည့်မှုတစ်ခုအတွင်းတိုက်ခိုက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ယင်းမှာ ဆီးရီးယားနှင့် အမေ ရိကန်စစ်ဘက်တို့အပေါ် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုဖြစ်ပြီး လက်စားချေမည်ဟု ဒေါ်နယ်ထရန့်က ဆိုသည်။
အမေရိကန်သည် ၂၀၂၄ခုနှစ်တွင် သမ္မတဘာရှာအယ်လ်အာဆတ်၏အစိုးရ ပြုတ်ကျပြီးနောက် တွင်ပင် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစီအမံများကို ဆက်လက်လုပ်ဆောင်ရန် ဆီးရီးယားတွင် တပ်ဖွဲ့များကို ဆက်လက်ထားရှိခဲ့သည်။
ဆီးရီးယား ယာယီအစိုးရသည်အမေရိကန်ဦးဆောင်သော အိုင်အက်စ်ဆန့်ကျင်ရေး စစ်ဆင်ရေးများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမေရိကန်သည် မကြာသေးမီကာလအတွင်း ဆီးရီးယားအပေါ်အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့သည်။

image