အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းဝေး မြန်မာပါဝင်တက်ရောက်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်ကို အလေးထားဆောင်ရွက်ရန် ပံ့ပိုးပေးနေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် ၁၄ ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို သမဝါယမနင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော INGOs၊ NGOs နှင့် Private Sectorsများအား ဆုချီးမြှင့်ရာ မြန်မာနိုင်ငံအနေဖြင့် Organization for Building Better Society(BBS) နှင့် Pro Engineering Co.Ltd တို့က (၇)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်ချင်းဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ထိုနောက် ဒီဇင်ဘာ(၁၂)ရက်နေ့ အစည်းအဝေးကို ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ကျေးလက်ဒေသဖွံဖြိုးရေးမဟာဗျုဟာသည် ကျေးလက်လူထု အားစွမ်းဆောင်ရည် မြှင့်တင့်ပေးခြင်းဖြင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရန် လမ်းညွှန်ပေးကာ အားလုံးပူးပေါင်းပါဝင်သည့် ကျေးလက်ဒေသ အသွင်ကူးပြောင်းရေး အတွက် စီးပွားရေးပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဆွေးနွေးပြောကြားခဲ့သည်။
ထိုပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ဦးဆောင်ခွင့်များကို အလေးထားဆောင်ရွက်ရန်၊ ကျေးရွာလူထုကို ၄င်းတို့ကိုယ်တိုင်အရေးပါသော အခြေခံအဆောက်အုံ တည်ဆောက်ရေးလုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဦးစားပေးသတ်မှတ်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အခွင့်လမ်းများ ပံပိုးပေးလျက်ရှိကြောင်းလည်း ဒုတိယ၀ဝန်ကြီး ဦးသိုက်စိုးက ပြောသည်။
ထို့နောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအစီရင်ခံစာများနှင့် မှတ်တမ်းတင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။