Wear-Tyne ဒါဘီပွဲတွင် ပြင်းထန်တဲ့ ဒဏ်ရာရရှိပြီးနောက် အသက်ရှူရခက်ခဲလာမှုကြောင့် ဆေးရုံသို့ ပြေးခဲ့ရတဲ့ အင်္ဂလန်စတားဒန်ဘန်း
====================

နယူးကာဆယ်စတားဒန်ဘန်းဟာ တနင်္ဂနွေနေ့ညတုန်းက ဆန်းဒါးလန်းနှင့် Wear-Tyne ဒါဘီပွဲစဉ်တွင် ပြင်းထန်ဒဏ်ရာရရှိပြီးနောက် အသက်ရှူရခက်ခဲကာ ဆေးရုံသို့ အရေးပေါ် သွားရောက်ခဲ့ရပါတယ်။
အသက် ၃၃ နှစ်ရှိ အင်္ဂလန်ဗဟိုနောက်ခံလူဟာ အလင်းရောင်ကွင်းပွဲစဉ်တွင် နံရိုးများကို ထိခိုက်ခဲ့ပြီးနောက် ပထမပိုင်းမပြီးခင် သုံးမိနစ်အလိုတွင် လူစားလဲခဲ့ရပါတယ်။
သူဟာ ဆန်းဒါးလန်းရဲ့ နော်ဒီမူကီလီနှင့် ထိခိုက်လဲကျပြီးနောက် နံရိုးဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ အသက်ရှူရခက်ခဲမှုကြောင့် နည်းပြထိုင်ခုံသို့ အချက်ချပြီးနောက် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သွားရောက်ခဲ့ရပါတယ်။
ပွဲအပြီးတွင် ဒန်ဘန်း ဆေးရုံသို့ အရေးပေါ် သွားရောက်ရမှုကို နယူးကာဆယ်နည်းပြအက်ဒီဟောင်းက အတည်ပြုသွားပေမယ့် အချက်အလက်အသေးစိတ်ကိုတော့ ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် အက်ဒီဟောင်းက ဒန်ဘန်းရဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ကြောင်း ဆိုသွားပါတယ်။
အက်ဒီဟောင်းက "ဒန်ဘန်းဟာ ကံဆိုးပြီး ပထမဆုံးလူစားလဲခဲ့ရတယ်။ နံရိုးတွေကို စစ်ဆေးဖို့ ဆေးရုံသို သွားခဲ့ရတယ်။ ဒီတော့ သူ အဆင်ပြေတယ်တာ မဟုတ်ပါဘူး"လို့ ဆိုသွားပါတယ်။
နယူးကာဆယ်ဟာ ဒန်ဘန်း မရှိတော့တဲ့နောက် ဝယ်တီမိတ်ရဲ့ OG ဂိုးဖြင့် Wear-Tyne ဒါဘီပွဲတွင် အရေးနိမ့်သွားခဲ့ပါတယ်။
ဒန်ဘန်းဟာ ယခုရာသီတွင် နယူးကာဆယ်နှင့် အင်္ဂလန်တို့တွင် အရေးပါတဲ့ ဗဟိုခံစစ်မှူးအဖြစ် ကစားနေသူ ဖြစ်ပြီး ၂၂ ပွဲကစားထားရာတွင် ၁ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

image